မန္တလေးတိုင်း မြင်းခြံမြို့ခရိုင်၊ မြင်းခြံမြို့မှာ ဒေါ်သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတပ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူတွေကို သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အတွင်း တော်လှန်ရေးတပ်တွေ ခြေကုတ်ယူထားတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် တပ်မ ၉၉ လက်အောက်ခံ၊ မြင်းခြံမြို့နယ် အခြေစိုက် ခမရ (၁၅) ခြေလျင်တပ်ရင်းနဲ့ ပျူစောထီးအင်အား ၁၅၀ ကျော်ပါဝင်တဲ့ ပူးပေါင်းတပ်ဟာ မြင်းခြံမြို့အရှေ့တောင်ဘက်နဲ့ အရှေ့မြောက်ဘက်တွေကနေ စစ်ကြောင်း ၂ ခုခွဲဝင်ရောက်နေတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
#မြန်မာ #ဧရာဝတီ #မြင်းခြံ #သီတာယုမွန် #ပျူစောထီးပူးပေါင်းတပ် #MDSOစစ်ဆင်ရေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy