ရှမ်းပြည်နယ်တောင်ပိုင်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
ဖယ်ခုံမြို့က စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ လွိုင်ကော်ကို ရောက်နိုင်ဖို့ တော်လှန်ရေးတပ် တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ဖြတ်သွားရမှာ ဖြစ်ပြီး ဒီလမ်းပိုင်းဟာ ကရင်နီပြည်အတွက် စစ်ရေးအရ အလွန်အရေးပါတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို ပင်လောင်း-ဖယ်ခုံ -မိုးဗြဲလမ်း၊ ဆီဆိုင်-လွိုင်ကော်လမ်းတို့ကနေ ဝင်ရောက်နိုင်ပြီး ဆီဆိုင်-လွိုင်ကော်လမ်းကိုတော့ အခုနှစ်အတွင်းမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီပြည် #မိုးဗြဲ #လွိုင်ကော် #ဖယ်ခုံ #ပြည်ထောင်စုလမ်းမကြီး #စစ်ကောင်စီ