စစ်ကောင်စီတပ်ရဲ့ တပ်သားတွေဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးမိသူတွေကို လူမဆန်စွာ သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင် အရှင်လတ်လတ် မီးရှို့ သတ်ဖြစ်မှုတွေ ရက်ရက်စက်စက်ကျူးလွန်နေကြတာပါ။
ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖမ်းမိတဲ့ ဒေသခံပြည်သူ ၂၉ ဦးကို လူမဆန်စွာ အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို မီးရှို့ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ ဖမ်းဆီးမိတဲ့ PDF ၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါကျေးရွာမှာ စစ်ကောင်စီတပ်ဟာ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေ အပါအဝင် ပြည်သူ ၆ ဦးကို ခုတ်ထစ်သတ်ဖြတ်ပြီးနောက် အိမ်ဝန်းနံရံတွေမှာ ချိတ်ဆွဲထားခဲ့ကြပါတယ်။
ဒီလို စစ်ရာဇဝတ်မှုတွေ၊ ရက်ရက်စက်စက် လူသတ်မှုတွေ ဘာကြောင့် ကျူးလွန်နိုင်ရသလဲ ဆိုတာကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ စစ်ဆရာဝန် ဗိုလ်ကြီး Captain Kid ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy