ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီ၊လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော် အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်း ၅ ခုထက်မနည်းရှိပြီး အားလုံးကို KIA ကသိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ကန်ပိုက်တီဂိတ်ဟာ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နောက်ဆုံး တရုတ်-မြန်မာ တရားဝင်နယ်စပ် ကုန်သွယ်ရေး ဂိတ်ဖြစ်လို့ မသိမ်းပိုက်ဖို့ KIA ကို တရုတ်က ဖိအားပေးခဲ့ပေမဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ ကန်ပိုက်တီမြို့ဟာ တရုတ်နိုင်ငံထဲကနေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို အနီးဆုံးဝင်ရောက်နိုင်တဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာ မသိမ်းခင်က ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေ လစဥ် အမေရိကန်ဒေါ်လာ ၁၁ သန်းထိ ကုန်သွယ်မှုတန်ဖိုးရှိတယ်လို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy