စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လေးနှစ်နီးပါး ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတခုထဲနဲ့တင် မြန်မာနိုင်ငံက ကလေးငယ် ၁၀၀၀ ခန့် သေဆုံးခဲ့ ရပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကထုတ်ပြန်ထားပါတယ်။
ပဋိပက္ခနဲ့ စစ်ပွဲတွေကြားမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်မှုတွေကို ခံစားရင်း ကြီးပြင်းရတဲ့ ကလေးတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်လုံခြုံရေးတွေလည်း စိုးရိမ်နေရပြီး မှောင်မိုက်တဲ့ အနာဂတ်ထဲ တိုးဝင်နေကြရတယ်လို့ ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကလေးမိဘတွေက ပြောပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံလူဦးရေ ရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၈.၆ သန်းဟာ အကူအညီလိုအပ်နေပြီး အဲ့ဒီထဲက အနည်းဆုံး ၆ သန်းဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
စစ်ကောင်စီ ဟာ စစ်ရေးနဲ့ မဆိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ အပါအဝင် လူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို လက်နက်ကြီး၊ လေကြောင်းကနေ နေ့စဉ်ဆက်တိုက် ပြုလုပ်နေပြီး အဲဒီလို တိုက်ခိုက်ခံရတဲ့အခါ အစုလိုက်အပြုံလိုက်သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy