“သပြေညို” လို့ အမည်ပေးထားတဲ့ ဒီကျောင်းမှာတော့ ကျောင်းသား အယောက် ၃၀ နီးပါးတက်ရောက်နေပြီး ဆရာမ ၆ ဦးက နဲ့ စာသင်ကြားပေးနေတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ ကလေးတွေနဲ့အမေရိကန်ရောက် မြန်မာပြည်ဖွား ကလေးတွေကို အဓိကထား သင်ကြားပေးနေတာပါ။
မြန်မာစာ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်အပြင် အမေရိကားကို ရောက်နေတဲ့ ကလေးတွေနဲ့ ကိုက်ညီမဲ့ သင်ရိုးကိုလည်း ကိုယ်တိုင်ရေးဆွဲပြီး သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
ဒီကျောင်းမှာတက်နေတဲ့ ကလေးတွေကိုတော့ မြန်မာစာကို လုံးဝမတတ်သူ၊ စကားတတ်ပြီး စာမတတ်သူ၊ အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်ကြားဆိုပြီး အုပ်စု ၃ စုခွဲသင်ကြားပေးနေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy