ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်မျဉ်းအနီးမှာရှိတဲ့ ဝ တပ်စခန်းတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ထိုင်းဘက်က ဖိအားပေးထားပြီး ထိုင်းစစ်တပ်ကလည်း စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောပါတယ်။
ဝ တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ တွေ့ဆုံခဲ့သလို မြန်မာပြည်တွင်းမှာလည်း သွားရောက်တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။
ဆွေးနွေးပွဲမှာတော့ ထိုင်း မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ခရိုင်နဲ့ ထိစပ်နေတဲ့ ၀ တပ်ဖွဲ့ အခြေချထားတဲ့ တပ်စခန်းတွေ စွန့်ခွာဖို့ အပြင် နယ်စပ် ဖြတ်ကျော် မူးယစ်ဆေးဝါး ကိစ္စ နဲ့ ဆေးဝါးသယ်ယူခွင့် ကိစ္စတွေပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၀တပ်ဖွဲ့ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းကစတင် တည်ထောင်ခဲ့ပြီး ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်မှာ အခြေစိုက်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy