တရုတ်နိုင်ငံက သူ့ရဲ့စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနဲ့ တရုတ် ပူးပေါင်းလုံခြုံရေး ကုမ္ပဏီ (Joint Venture Security Company – JVSC) ဖွဲ့စည်းဖို့ စစ်ကောင်စီဘက်ကို အဆိုပြုထားပါတယ်၊၊
တရုတ်နိုင်ငံက သူ့ရဲ့စီမံကိန်းဧရိယာအတော်များများ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နယ်မြေတွေမှာ ကျရောက်လာတဲ့အချိန်မှာ ပူးပေါင်းလုံခြုံရေး ဖွဲ့စည်းဖို့ တရုတ်ဖက်က အဆိုပြုလာ တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ နှစ်နိုင်ငံပူးပေါင်းလုံခြုံရေးကုမ္ပဏီ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဖွဲ့စည်း ဆောင်ရွက်နေကြပါပြီ၊၊ ဒီအဖွဲ့က နားလည်မှုစာချွန်လွှာရေးထိုးဖို့ အချက် ၁၂ ချက်အပေါ် အခြေခံ စဉ်းစားမှာဖြစ်ပြီး နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်းရှိမရှိ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို ဆန်ကျင်မှုရှိမရှိ၊ မမျှော်မှန်းနိုင်တဲ့ အခြေအနေ နောက်ဆက်တွဲတွေကိုထည့်သွင်းစဉ်းစားဖို့နဲ့ ပြည်ပကတင်သွင်းလာတဲ့ လက်နက်နဲ့ ဆက်သွယ်ရေး ကန့်သတ်ပစ္စည်းတွေကို စီစစ်ထိန်းချုပ်သုံးစွဲစေဖို့ စတဲ့အချက်တွေ ပါဝင်တာတွေ့ရပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးမယ့်လို့ ကတိပေး ပြောဆိုချက်တွေရှိနေပေမယ့် တရုတ်အနေနဲ့ဘာကြောင့် စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီကို ဖွဲ့စည်းဖို့အဆိုပြုတာပါလဲ၊၊
#မြန်မာ #ဧရာဝတီ #ပူးပေါင်းလုံခြုံရေး #မြန်မာတရုတ် #တရုတ်စီမံကိန်း #နားလည်မှုစာချွန်လွှာ #နိုင်ငံတော်အချုပ်အခြာအာဏာ