ကရင်နီပြည်နယ် လွိုင်ကော်မြို့ကနေထွက်လာတဲ့ အင်အား ၈၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းလိုက်ပါတယ်။
အဆိုပါ စစ်ကြောင်းဟာ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၈၀)က စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လင်ဖုံလေးကျေးရွာ အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူများခဲ့သလို စစ်မှုထမ်းဥပဒေကြောင့် စုဆောင်းခံရသူအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိက ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy