၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး မြန်မာနိုင်ငံစစ်အစိုးရဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၇၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိအချိန်ထိ စစ်တပ်ကဖမ်းဆီးထားတဲ့ အမျိုးသားသတင်းထောက် ၁၄၄ ဦးနဲ့ အမျိုးသမီးသတင်းထောက် ၂၈ ဦးရှိပြီလို့ ဆိုပါတယ်။
အထူးသဖြင့် အမျိုးသမီးသတင်းထောက်တွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ နှိပ်စက်ခံရမှု၊ ထောင်သွင်းအကျဥ်းချခံရမှုတွေ အပါအဝင် ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံဆက်လက်ရပ်တည်ပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ အမှန်တရားတွေကို ဆက်ပြီးအစီရင်ခံတင်ပြ နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ချီးကျူးဂုဏ်ပြုထားပါတယ်။
#မြန်မာ #ဧရာဝတီ #သတင်းထောက် #အမေရိကန်သံရုံး #ဖမ်းဆီးထောင်ချ #အဆိုးဝါးဆုံးထောင်မှူး #အမျိုးသမီးသတင်းထောက် #စစ်ကောင်စီ