“ကရင်နီလူမှုသိပ္ပံကောလိပ်” ရဲ့ ပထမဆုံး အကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် တနေရာမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီကျောင်းကို ၂၀၂၃ ခုနှစ် မက်လထဲမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် နေရာ ၃ နေရာထိ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြားမှာပဲ ကျောင်းသူ၊ ကျောင်းသား တွေကို ဘွဲ့ရတဲ့ အထိ ပညာသင်ကြားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ကရင်နီလူမှုသိပ္ပံကောလိပ် ရဲ့ ၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃ ဦး ဘွဲ့ယူ ကျောင်းဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၄၃ ဦး ဆက်လက် ပညာသင်ကြားနေပါတယ်။
ဘွဲ့နှင်းသဘင် အခမ်းအနားကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည်နယ် ကြားကာလအစိုးကောင်စီ ပညာရေးဌာန၊ ကရင်နီ ဆေးကောလိပ်တို့အပြင် ပညာရေးတာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီလူမှုသိပ္ပံကောလိပ် #ပညာရေး #စစ်ကောင်စီ