ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲမှာရှိတဲ့ ခရိုင်ကျေးရွာကို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ရှောင် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၁၉ ဦးထက်မနည်း ဒဏ်ရာရ ခဲ့တယ်လို့ မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ခရိုင်ကျေးရွာဟာ တောင်ကုတ်မြို့တဝိုက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်တွေ လာရောက်ခိုလှုံနေကြတဲ့ ကျေးရွာဖြစ်ပါတယ်။ ခရိုင်ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ဆက်တိုက် ဗုံးကြဲခဲ့တာလို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး၊ ၁၇ နှစ်အရွယ် အမျိုးသားတဦးနဲ့ ၇၂ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသွားခဲ့ရသလို ၁၉ ဦးထက်မနည်း ဒဏ်ရာရပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy