မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) လက်အောက်ခံ တပ်တွေအနေနဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ရောက်ရာအရပ်ကနေ အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်မှာမဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ကြေညာပါတယ်။
MNDAA အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်မယ်လို့ မျှော်လင့်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ စစ်ဆင်ရေးတွေရပ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့အတွက် MNDAA ခေါင်းဆောင် ဖုန်တားရွှင်ကို တရုတ်နိုင်ငံအတွင်းမှာ အကြပ်ကိုင် ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပြီးတဲ့နောက် အခုလိုထုတ်ပြန်မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
တရုတ်ဟာ MNDAA အပါအဝင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကို ၁၀၂၇ စစ်ဆင်ရေးကို ရပ်ဖို့နဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးခဲ့နေတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #တရုတ် #MNDAA #စစ်ကောင်စီ