တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ တရုတ် ဖိအားကို အပြင်းထန်ဆုံး ရင်ဆိုင်နေရချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတက တရုတ်ရဲ့ ဖိအားတွေကို လျစ်လျူရှုလို့ မရသလို ဘေးထွက် ဆိုးကျိုး ဖြစ်မလာအောင် ဝိုင်းဝန်း စဥ်းစားကြဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ တရုတ်ဟာ မြန်မာ့ပြည်တွင်း စစ်ပဋိပက္ခအမြန်ဆုံး ပြီးမြောက်ရေး အားလုံးပါဝင်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲကျင်းပဖို့နဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကိုရော တော်လှန်ရေး အင်အားစုတွေကိုပါ တိုက်တွန်း ဖိအားပေးနေတာပါ။
တရုတ်ဟာ စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ကျောထောက်နောက်ခံပြုနေပေမယ့် တဖက်မှာလည်း မြန်မာ့ပြည်တွင်းရေး ပဋိပက္ခပြေလည်ရေး ဒီအခင်းအကျင်းမှာ ပါဝင်တဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင် ဆွေးနွေးရေးကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရုတ်အကြားက ဆက်ဆံရေးနဲ့ မြန်မာ့ပြည်တွင်းရေးအပေါ် တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ဧရာဝတီက သီးသန့် ဆက်သွယ် မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါက်တာလှကျော်ဇော #NUG #ဒူဝါးလရှီးလ #တရုတ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy