ပြည်သူလူထုဆန္ဒကို ဂရုမစိုက်ဘဲ တိုင်းပြည် အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီနဲ့ ပေါင်းနေသူတွေရဲ့ လုပ်ရပ်ဟာ ရှက်စရာ အလွန်ကောင်းတယ်လို့ တေးရေး၊ တေးဆို လင်းထက်က ပြောပါတယ်။
အနုပညာရှင်တွေ အနေနဲ့ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ရမှာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ ၆၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ စစ်ကောင်စီကို အကူအညီပေးနေကြတာဟာ ပြည်သူကို သစ္စာဖောက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ တေးရေး၊ တေးဆို လင်းထက် ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို မတိုက်ဖို့ တော်လှန်ရေးတပ်တွေကို ဖိအားပေးနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပူးပေါင်း ဆောင်ရွက်နေတာတွေ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #လင်းထက် #အနုပညာရှင် #အမေရိကန်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy