အာဏာမသိမ်းခင်က ပုဂ္ဂလိက ကျောင်းတခုမှာ ကျောင်းဆရာအဖြစ် စာသင်ကြားရင်း နွေးဦးတော်လှန်ရေးမှာ ပါဝင်လာတဲ့ သားတယောက်အဖေ ရဲဘော်စောယွန်းဟာ ၂၀၂၄ ခုနှစ်ဆန်းပိုင်းက ကရင်နီပြည် မိုးဗြဲမြို့ တိုက်ပွဲမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်း နင်းမိလို့ခြေတဖက်ဆုံးရှုံးခဲ့ရပါတယ်။
ရဲဘော်စောယွန်းဟာ ခြေတဖက်မဆုံးရှံးခင်က ကရင်နီစစ်မျက်မှာ တင်မကဘဲ အခြားတော်လှန်ရေးဒေသ စစ်မျက်နှာတွေရဲ့ ရှေ့တန်းတွေမှာပါ တိုက်ပွဲဝင်ခဲ့သူပါ။
မိုင်းနင်းမိပြီးခြေတဖက်ဆုံးရှုံးသွားပေမဲ့လည်း သူတာဝန်ထမ်းဆောင်ခဲ့တဲ့ လွိုင်ကော် PDF တပ်ရင်းမှာ ရုံးထိုင်မှူးအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ရုံးမှာထိုင်ပြီး ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ သွားရေးလာရေးကိစ္စတွေကို နောက်တန်းကနေ စီစဉ်ပေးနေတာပါ။
လက်ရှိမှာတော့ ဆုံးရှုံးသွားတဲ့ခြေထောက်နေရာမှာ ခြေတုပြန်တပ်ဖို့ သူက စီစဉ်နေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR