ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတဝန်း အကြီးအကျယ် စစ်ရှုံးနေတဲ့ စစ်တပ်ဟာ အာရက္ခတပ်တော် (AA) အပါအဝင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို လက်နက်စွန့်ဖို့ ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်က မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်ရပြီး ဒီအဖွဲ့တွေဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်ထောင်စု တည်ဆောက်ဖို့ထက် တသီးတခြား ရပ်တည်ချင်စိတ်ကိုသာ ရှေ့တန်းတင်နေတယ်လို့ ဆိုပြီး လက်နက်စွန့်ကာ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်အောင်လာဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ပြောဆိုနေတာပါ။
ဒီဇင်ဘာ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က အခုလို ပြောလာတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR