ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့က စစ်ကောင်စီရဲ့လက်ကျန်စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လိုက်ပြီးနောက် တမြို့လုံးကို ထိန်းချုပ်လိုက်ပြီလို့ အာရက္ခ တပ်တော် (AA) က ဒီဇင်ဘာလ ၁၅ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
လက်ကျန် စစ်စခန်းတွေဖြစ်တဲ့ အခြေစိုက်အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ -၅) နဲ့ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆၊ ၅၄၄ စခန်းတွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက် နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ AA တပ်တွေက တောင်ကုတ်မြို့ပေါ် မှာ နေရာယူထားလိုက်ပြီး စစ်ကောင်စီတပ်သား တွေကရခိုင်ရိုးမပေါ်ကို ထွက်ပြေးသွားတာတွေ လည်းရှိတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေပြောပါတယ်။စစ်ကောင်စီတပ်သားတွေက မြေပြင်မှာထွက်ပြေးသွားမှုတွေရှိပေမယ့်လည်း လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေရှိနေသေးတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ အေအေက မြို့ ၁၃ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကာ စစ်တွေ၊ မာန်အောင် နဲ့ကျောက်ဖြူမြို့တွေမှာပဲ စစ်မျက်နှာဖွင့်ဖို့ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR