စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကို ထောက်ခံတဲ့နိုင်ငံတွေဟာ အကြမ်းဖက်ခြင်းကို ထောက်ခံအားပေးတာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ် ဖီလားဒဲဖီးယားမြို့မှာ ဒီဇင်ဘာလ ၁၄ ရက် နေ့က ပြုလုပ်တဲ့ တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲအပြီးမှာ ဒေါက်တာဆာဆာက ဧရာဝတီမီဒီယာကိုပြောခဲ့တာပါ။
ဒေါက်တာဆာဆာ (ခေါ် ) ဆလိုင်းမောင်တိုင်းဆန်ဟာ ချင်းအမျိုးသား ပရဟိတ ဆရာဝန်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး အဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။
သူ့အနေနဲ့ အမေရိကန်လွှတ်တော် အင်ဒို-ပစိဖိတ်ရေးရာကော်မတီ ၄ ခုကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ဒေါ်နယ်ထရမ့် အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိလာအောင် တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
ဘယ်နိုင်ငံမဆို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့သဘောထားကို လေးစားသင့်ပြီး တိုင်းရင်းသားခေါင်းဆောင် တွေကိုလည်း အနိုင်ကျင့်တာတွေ လုပ်ခွင့်မရှိဘူးလို့ လည်း သူက ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR