ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကိုဆင်နွဲနေတဲ့ အာရက္ခတပ်တော် (AA) ရဲ့ အောင်ပွဲဟာ ပြည်သူတွေ အတွက်ရော တော်လှန်ရေးအင်အားစုတွေအတွက်ပါ အားဖြစ်ရတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF) စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
လက်ရှိရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ အောင်မြင်နေတဲ့ AA ရဲ့ ထုတ်ပြန်လာတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ရန်သူ့လက်နက်ကို ကိုယ့်လက်နက်အဖြစ် အသုံးချနိုင်တာကို တွေ့ရပြီး တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း အသုံးချနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
AA ဟာ စစ်ကိုစစ်နဲ့တူအောင်တိုက်ပြီး အောင်ပွဲတွေရရှိခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေ အားကျ အတုယူစရာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။
MDY-PDF ဟာ ၁၀၂၇ စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ စဉ့်ကူး၊ မိုးကုတ် မြို့နယ်တွေကို သိမ်းပိုက်ရရှိထားပြီဖြစ်တယ်။
AA ရဲ့ အောင်မြင်မှု၊ တော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်မှု အခြေအနေ၊ သိမ်းပိုက်ပြီး နယ်မြေတွေမှာ ဖော်ဆောင်မယ့် အုပ်ချုပ်ရေးကဏ္ဍ၊ စစ်ရေးအောင်မြင်မှုနဲ့ နိုင်ငံရေး စကားဝိုင်း စတာတွေကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်ထံ ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR