မြန်မာ့အရေး အကြပ်အတည်းအတွက် အာဆီယံနိုင်ငံတွေအနေနဲ့ ဝိုင်းဝန်း ဖြေရှင်းကြဖို့ ထိုင်းနိုင်ငံက ဦးဆောင် ကျင်းပမယ့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ဘန်ကောက်မှာ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
ထိုင်းက ဦးဆောင်ကျင်းပမယ့် ဒီဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာအရေးအပေါ် ချဥ်းကပ် အဖြေရှာမှုနဲ့ ပတ်သက်လို့ ပေါ်ပေါ်ထင်ထင် ထွက်လာခဲ့တာ ပထမဆုံးဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းဘက်က မြန်မာကိုယ်စားပြု ဆွေးနွေးဖို့ ဖိတ်ကြားထားတာဟာ စစ်ကောင်စီ တဖွဲ့ထဲဖြစ်ပြီး မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ အတိုက်အခံအဖွဲ့တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ သူတွေ မပါဝင်တာကြောင့် ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေဟာ တဖက်သတ်အမြင်တွေသာ ဖြစ်နိုင်တယ်လို့လည်း ထောက်ပြတာတွေ ရှိပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်းနိုင်ငံခြားရေး #အာဆီယံ #ဆွေးနွေးပွဲ #စစ်ကောင်စီ #နိုင်ငံခြားရေးဝန်ကြီး #မြန်မာ့အရေး