စစ်ဆင်ရေးတွေအတွင်းမှာ “သေနတ်တချက်မဖောက်”၊ “ဓားတချက်မဝင့်ဘဲ” အောင်မြင်တဲ့ တိုက်ပွဲတွေ ရှိလာလိမ့်မယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
လက်ရှိတော်လှန်ရေးခရီးဟာ နောက်လှည့်သွားတာ ရပ်တန့်သွားတာမျိုးမရှိဘဲ တော်လှန်ရေး အောင်မြင်မယ်ဆိုတာ အာမခံနိုင်တယ်လို့လည်း ကတိပေးပြောဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအတွက် တော်လှန်ရေး အမြန်ပြီးမြောက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
NUG ရဲ့ လက်အောက်ခံတပ်ဖြစ်တဲ့ မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (MDY-PDF) ဟာ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းပြီး ၁၀၂၇ ရှမ်း- မန်း စစ်ဆင်ရေးမှာ မန္တလေးတိုင်းထဲက မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့ တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လက်ရှိ ရှမ်းမန်းစစ်ဆင်ရေးအခြေအနေ၊ တပ်တည်ဆောက်ရေး၊ တော်လှန်ရေးနဲ့ NUG အခန်းကဏ္ဍ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေါက်တာစိုးသူရဇော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #၁၀၂၇ #ရှမ်းမန်းစစ်ဆင်ရေး #MDYPDF #TNLA #NUG
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy