ကေပေးလို့ အများခေါ်ဝေါ်သုံးစွဲနေကြတဲ့ ကမ္ဘောဇ Pay ကိုအသုံးပြုသူတချို့မှာ ပိုင်ရှင်မသိလိုက်ရပဲ အကောင့်ထဲကနေ ငွေကြေးလွှဲပြောင်းခိုးယူခံရမှုတွေ ဒီဇင်ဘာလအတွင်း အမြောက်အများ ဖြစ်ပွားခဲ့ကြတာပါတယ်။
ငွေကြေးလွှဲပြောင်းခိုးယူခံရသူတွေဟာ အကောင့်ကိုအသုံးပြုဖို့ တောင်းခံတဲ့ OTP လှို့ဝှက်ကုတ် ပေးပို့တဲ့ စာတို ဖုန်းထဲရောက်လာပြီး မိနစ်ပိုင်းအတွင်းမှာ ငွေကြေးလွှဲပြောင်း ထုတ်ယူ ခံခဲ့ရတာလို့ ဆိုကြပါတယ်။
ကေပေးနဲ့ ဘဏ်အကောင့် ချိတ်ဆက်ထားတဲ့ အကောင့်တွေမှာလည်း ဘဏ်အကောင့်ကနေ ကေပေးထဲ လွှဲပြောင်းရာမှာ ဖြည့်သွင်းရတဲ့ လုံခြုံရေးကုတ်ပါ ဖြည့်သွင်းတာမျိုးမရှိပဲ ဘဏ်အကောင့်ထဲရှိတဲ့ငွေကြေးတွေပါ လွှဲပြောင်းထုတ်ယူ ခံလိုက်ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဖော်ပြထားကြပါတယ်။
အဆိုပါ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကမ္ဘောဇဘဏ်က ဗဟိုဘဏ်ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ဆိုထားပြီး ဆုံးရှုံးနစ်နာသူ ၃၁ ဦးကိုလည်း ငွေကြေးပြန်လည် စိုက်ပေးသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy