အာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေ က ကျူးလွန်နေတဲ့လိင်အကြမ်းဖက်မှုတွေ အရေးယူမှုမရှိတဲ့အပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဝေဖန်ထောက်ပြသွားပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ BWU နှစ် ၃၀ ပြည့် အခမ်းအနားမှာ အဖွဲ့ဝင်တွေက အမျိုးသမီးလူရွှင်တော်အဖြစ်နဲ့ပြက်လုံးထုတ် ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကာလမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပိုပြီး ကြုံတွေ့နေကြရပါတယ်။ ဒီလိုဖြစ်စဉ်တွေ တော်လှန်ရေးအဖွဲ့တွေဘက်မှာလည်း ရှိနေပြီး ထိထိရောက်ရောက် အရေးယူမခံရတဲ့ အခြေအနေတွေလည်းရှိနေပါတယ်။ လက်ရှိမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားဟာ တဖြည်းဖြည်းပြိုကျပျက်စီးလာသလို NUG ရဲ့အုပ်ချုပ်ရေး ယန္တရားတွေမှာလည်း လိုအပ်ချက်အမှားအယွင်းတွေရှိနေပါတယ်။
တော်လှန်ရေးကာလဖြစ်ပေမယ့်လည်း အမျိုးသမီးရေးအပါအဝင် မည်သည့်အရေးကိစ္စကိုမှ လျစ်လျူမရှုထားသင့်ဘူးလို့ BWU အဖွဲ့သားတွေက ထောက်ပြပါတယ်။ BWU ကို ၁၉၈၈ လူထုအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက်တောခိုလာကြတဲ့ တိုင်းရင်းသူ အမျိုးသမီး ရဲဘော်တွေက ၁၉၉၅ ခုနှစ်ထိုင်း-မြန်မာနယ်စပ်မှာ ဦးဆောင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
လူမျိုး၊ ဘာသာ အရောင်အသွေးစုံနဲ့ ဖွဲ့စည်းခဲ့တဲ့ BWU ဟာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဒီမိုကရေစီအရေးနဲ့ ကျား၊ မတန်းတူရေးတွေကို ပစ်မှတ်ထားလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အမျိုးသမီး #BWU #NUG #Women #စစ်ကောင်စီ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy