ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ကျေးရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက် ခံရမှုမှာ အရပ်သား ၄၀ လောက်သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အတည်ပြုပြောပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီကို ပြောပါတယ်။
ရမ်းဗြဲမြို့နယ်ကို AAက ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ သိမ်းပိုက်ထားတာဖြစ်ပြီးအခု တိုက်ခိုက်ခံရတဲ့ ကျောက်နီမော် ကျေးရွာဟာ ရခိုင်၊ ကမန်နဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ကျေးရွာ ဖြစ်ပြီးတော့ လက်ရှိမှာ အခြားမြို့နယ် အသီးသီးကနေစစ်ဘေးရှောင်လာသူ အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောက်နီမော်ကျေးရွာက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးရေး ပဋိပက္ခတွေရဲ့ စတင်မြစ်ဖျား ခံခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်မေလအတွင်းက ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းရွာက မသီတာထွေး မုဒိန်းကျင့်သတ်ဖြတ်ခံရတာကစလို့ နှစ်ဖက်လူမျိုးရေးပဋိပက္ခတွေ ကြီးထွားလာခဲ့တာလည်း ဖြစ်ပါတယ်၊၊
#မြန်မာ #ဧရာဝတီ #ရမ်းဗြဲ #ကျောက်နီမော် #လေကြောင်းဗုံးကြဲ #အရပ်သား #AA #ရခိုင် #ကမန် #ရိုဟင်ဂျာ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy