ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်းစစ်ကောင်စီအကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ KIA ဟာဇန်နဝါရီ ၈ ရက်နေ့က မံစီမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ဗန်းမော်ကို စစ်ရှိန်မြှင့်ပြီးထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့က အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) ကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို၊ ဗန်းမော်မြို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ ထားပါတယ်။
စစ်ကောင်စီကလည်း ဗန်းမော်မြို့ကျမသွားရေးအတွက် လက်နက်ကြီးတွေနဲ့ မြေပြင်ကနေပစ်ခတ်နေသလို၊ ဝေဟင်ကနေလည်း ဗုံးကြဲတာတွေ၊ ဒရုန်းတွေကို အသုံးပြုပြီး အပြင်းအထန်ခုခံကာကွယ်နေတယ်လို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပါတယ်။
#မြန်မာ #ဧရာဝတီ #ဗန်းမော် #မံစီ #KIA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy