ချင်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးမြောက်ပိုင်းတို့တွင် အထောက်အကူဖြစ်သကဲ့သို့ ချင်းတောင်နှင့် ရခိုင်ရိုးမရှိ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်ပွဲသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့အား ကိုင်လှုပ်ပေဦးမည်။
၂၀၂၅ နှစ်ဆန်းမှ စတင်တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာသည် ၂၀၂၄ ခုနှစ် ရခိုင်နှင့် ချင်းတောင်ပိုင်း စစ်ရေးအောင်ပွဲများ ရလဒ်ဖြစ်၏။
AA ၏ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာအမြင်နှင့် စစ်ရေးအရ ခေါင်းဆောင်နိုင်မှု၏ ရလဒ်လည်းဖြစ်၏။ အနောက်ဘက် စစ်မျက်နှာသည် ရှည်လျားကျယ်ပြန့်ပြီး တဆက်စပ်တည်းရှိသဖြင့် စစ်အင်အား မလုံလောက်သည့် စစ်ကောင်စီတပ် အနေဖြင့် တားဆီးပိတ်ဆို့ရန် မလွယ်ကူပေ။ အနောက်ဘက် စစ်မျက်နှာသည် ၂၀၂၅ ခုနှစ်တွင် မြန်မာပြည် စစ်ပွဲတခုလုံးအတွက် အလှည့်အပြောင်းဖြစ်လာမည်ဟု သုံးသပ်ရပေသည်။
#မြန်မာ #ဧရာဝတီ #စစ်မျက်နှာ #AA #PIA #မကွေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy