မြန်မာနိုင်ငံမတည်ငြိမ်မှုတွေနဲ့ပြည်တွင်းစစ် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးမှုရလာဒ် ငွေဆောင်သဘောတူညီချက် ၇ ချက်ဆိုပြီး ထွက်ပေါ် လာခဲ့တဲ့အပေါ် နိုင်ငံရေး အင်အားစုတွေအကြား ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိလာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး နဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေး အပါအဝင် အချက် ၇ ချက်ပါဝင်တဲ့ ငွေဆောင်သဘောတူညီချက်ဆိုတာ ပြည်သူလူထုကို ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မဟုတ်ဘူးလို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။
ဆွေးနွေးပွဲရလာဒ်အပေါ် ဝေဖန်မှုတွေ၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးရေးတောင်းဆိုမှုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးကို မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy