စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးနေရာတွေကိုစစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေနဲ့အစားထိုးနေပါတယ်။
အရင် အရပ်သား အစိုးရလက်ထက်က ရွေးကောက် မဲပေးစနစ်နဲ့ ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတွေကို တဖြည်းဖြည်းဖယ်ရှားပြီး အဲဒီနေရာတွေမှာစစ်ကောင်စီတပ်က သူ့ကို ထောက်ခံသူတွေနဲ့အစားထိုးမှုတွေ လုပ်လာတာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးအချို့က ဧရာဝတီကိုပြောပါတယ်။
လက်ရှိမှာလည်း မြို့နယ်အတော်တော်များများမှာအုပ်ချုပ်ရေးမှူးအပြောင်းအလဲတွေ လုပ်ဆောင်ပြီးဖြစ်တယ်လို့ရန်ကုန်ဒေသခံတွေကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy