အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေချိန် လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
ဒုစစ်ခေါင်းဆောင်ဟာ လွိုင်ကော်မှာ ၂ ရက်တာပြုလုပ်မယ့် “၇၃ နှစ်မြောက် ကယားပြည်နယ်နေ့” ကို တက်ရောက်ဖို့ ဇန်နဝါရီလ ၁၄ ရက်နေ့ထဲက လွိုင်ကော်မြို့ ဒကစ ထဲကို ရောက်ရှိနေတာလို့ သိရပါတယ်။
ဒုတိယစစ်ခေါင်းဆောင် ကယားပြည်နယ်ကို လာရောက်တိုင်း ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခံခဲ့ရသလို အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ခရီးစဥ်တွေမှာလည်း တိုက်ခိုက်ခံရမှုတွေ ရှိခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ရှော့တိုက်ဒုံး #လွိုင်ကော် #ဒကစ #စိုးဝင်း #ရတခ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy