လေယာဉ်/ ရဟတ်ယာဉ်တွေကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမယ့် လေသူရဲတွေအနေနဲ့ “တိုက်ပွဲဝင် လိုစိတ်”၊ “စစ်အောင်လိုစိတ်” အမြဲမြင့်မား နေရမယ်လို့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သတိပေး ပြောဆိုပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ တပ်မတော် (လေ) ရဲ့ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၆) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲအခမ်းအနား မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ လေတပ်ဟာ ရန်သူ ပစ်မှတ်တွေသာမကဘဲ ရပ်ကွက်နဲ့ ကျေးရွာ၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy