ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အာဏာသိမ်းခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်နဲ့ အနီးဆုံးနေရာမှာ အမှတ် (၈) စစ်ဗျူဟာကို ဖွဲ့စည်းလိုက်ပြီး အပတ်စဉ် ၆ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ KNDF ဒု-စစ်ရေးချုပ် မင်းသား က စစ်အာဏာရှင် တော်လှန်ရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်းနဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ KNDF ဟာ ကောက်ရိုးမီးမဟုတ်ကြောင်း လက်နက်ကိုင် တော်လှန်ရေး ၃ နှစ်ကာလထိ သက်သေပြနေနိုင်ပြီဖြစ်တယ်လို့ ပြောပါတယ်။
လူငယ်တွေကျော်တက်သွားမှာစိုးရိမ်သူတွေရှိကြေပေမယ့် လူငယ်တွေဟာ တွဲခေါ်သင့်တဲ့၊ ပူးပေါင်းသင့်တဲ့ အဖွဲ့ဖြစ်ပြီး အာဏာရှင်စနစ်နဲ့ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဘဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်ကြဖို့လိုတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ ဒေသ၊ လူမျိုး၊ ကျားမ ခွဲခြားမှုမရှိဘဲ အားလုံးအတူတကွ ကြိုးစားကြဖို့လိုပြီး “အကြောင်းပြချက်” တွေ မပေးကြဖို့ လိုတယ်လို့ သတိပေးထောက်ပြသွားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy