မွန်ပြည်နယ်အတွင်း စစ်ရေးဖော်ဆောင်ဖို့ မွန်လက်နက်ကိုင် ၄ ဖွဲ့ က “ရာမညပူးတွဲစစ်ကြောင်း” ဖွဲ့လိုက်ပြီလို့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
“ရာမညပူးတွဲစစ်ကြောင်း” မှာ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ ပါဝင်ပါတယ်။
“ရာမညပူးတွဲစစ်ကြောင်း” အနေနဲ့ မွန်ပြည်နယ်မှာ စစ်ဆင်ရေးတွေကိုဖော်ဆောင်သွားမှာဖြစ်ပြီး စစ်တပ်မှာ အာဏာရှိနေသမျှ တွေ့ဆုံဆွေးနွေးရေးက အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“ရာမညစစ်ကြောင်း” ရဲ့ မျှော်မှန်းချက်၊ စစ်ဆင်ရေးနယ်မြေ၊ တခုတည်းသောမွန်တပ်တော်ပေါ်ထွက် လာရေးနဲ့ စိန်ခေါ်မှုတွေအကြောင်း “ရာမညပူးတွဲစစ်ကြောင်း” ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် MSDF အဖွဲ့ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်မှူးချုပ်သီရိမွန်ချမ်းကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခက မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy