ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း အပါအဝင် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ အမြောက်တပ် (အမတ-၃၆၆) တို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တပြိုင်နက် ထိုးစစ်ဆင်နေတယ်လို့ KIA က အတည်ပြုပါတယ်။
ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ သံချပ်ကာကား ၄ စီးနဲ့အတူ စစ်ကောင်စီရဲ့ အရာရှိတစ်ဦးကို KIA က ဖမ်းဆီးရမိထားတယ်လို့ ရေးသားဖော်ပြနေကြပေမယ့် ဒီအပေါ်မှာ KIA ဘက်က အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ဗန်မော်မြို့နဲ့ မံစီမြို့ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မံစီမြို့ အခြေစိုက် စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်အားလုံးကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ဗန်းမော် #သံချပ်ကာတပ်ရင်း