ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အောက်ခြေတပ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားတဲ့ ဖြစ်စဥ်တွေ များလာပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးကိုး၊ နမ့်မို၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းမြို့နယ် မုံးဝီးနဲ့ မန်တုံ ဒေသဘက်မှာ TNLA နဲ့ KIA စစ်သားတွေကြား နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ဒီဒေသတွေဟာ KIA ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တပ်မဟာ(၄)၊ တပ်မဟာ(၆)၊ တပ်မဟာ (၁၀) တို့ ဖြစ်ပြီး KIA က Kachin Sub State လို့ သုံးနှုံးပါတယ်။ ဒီနေရာတွေဟာ TNLA ထိန်းချုပ်နယ်မြေတွေနဲ့ ထိစပ်နေပြီး မြေပြင်တပ်တွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်နေတာပါ။
အခုနှစ်အစောပိုင်းမှာ နှစ်ဘက်အောက်ခြေတပ်ဖွဲ့တွေကြား အငြင်းပွားမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် နှစ်ဘက်အဖွဲ့ တာဝန်ရှိသူတွေက ဆွေးနွေးအဖြေရှာကြမယ်လို့ TNLA နဲ့ KIA ဘက်က ဧရာဝတီကို ဖြေကြားထားပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #TNLA #Kachin Sub State
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR