ဂိမ်းဆော့၊ ဘောလုံးကန်၊ ဂစ်တာတီး၊ ကျောင်းတက်နေသည့် လူငယ်များ သေနတ်ကိုင်လာအောင် လုပ်လိုက်သည်မှာ ခေါင်းပေါင်းတလူလူနှင့် ပွဲခံနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာ ဖြစ်ပြီး သူသာလျှင် “စစ်မြှူသူ” ဖြစ်သည်။
တပ်တွင်း၊ ဝန်ကြီးဌာနတွင်း သတင်းပေး “ဖရဲသီး” များဖြင့် ပြည့်နေသည့် သူ့ အစိုးရအဖွဲ့အပြင် ထို ဖရဲသီးများ၏ အထောက်အကူဖြင့် သူ့ကို ပြန်ဖြုတ်ချမည့်၊ အကျပ်ရိုက်စေမည့် အင်အားစုများနှင့် သူခေါ်သည့် “စစ်” ကို မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစုသာလျှင် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ယခုအခါ “စစ်ကိုခေါ်လို့ စစ်လာတာ” ဆိုသူများ ဘာမှပြန်မပြောနိုင်လောက်အောင် တော်လှန်ရေး၏ စစ်က တိုးဝင်လာပြီဖြစ်သဖြင့် အနက်အဓိပ္ပာယ်အားဖြင့် ပြောင်းပြန်ဖွင့်ဆိုရမည် ဖြစ်သည်။
စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြကြသော အညာက ရွာသူရွာသားများ၏ စကားကိုသာ ပဲ့တင်ထပ်ချင်ပါသည်။ “ရွာကိုပဲ မီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့ မြေကို မီးရှို့မရဘူး”။
စစ်ကိုခေါ်သည်မှာ မင်းအောင်လှိုင်ဖြစ်ပြီး ပြည်တွင်းစစ်၏ ဦးတည်ရာမှာ သူနှင့် သူ့ စစ်ကောင်စီထံသို့သာ ဖြစ်လေသည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy