စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၅၊ ဖေဖော်ရီ ၁ ရက်မှာ ၄ နှစ်ပြည့်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်ဟာ တိုင်းပြည်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တာပါ။
စစ်တပ်ရဲ့ အာဏာသိမ်းမှု စနက်ကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ဆုတ်ယုတ်သွားသလို လူမှုဘဝတွေဟာလည်း အကြပ်အတည်း မျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဒီမိုကရေစီစနစ်အောက်ကနေ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပြီး တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို မခံနိုင်လို့ တူမီးသေနတ်တွေကနေ စတင်ခဲ့တဲ့ လူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ရုံးစိုက်ရာ နေပြည်တော်အထိပါ စစ်ရေး ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေကို ရောက်နေပြီလည်း ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အာဏာသိမ်းမှု #NLD #ရွေးကောက်ပွဲ