စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နေတဲ့ တရုတ်အစိုးရ အပါအဝင် နိုင်ငံတကာဖိအားပေးမှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ အမေရိကန်ရောက် မြန်မာပြည်ဖွားတချို့က ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံတကာက ပြောဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ စစ်ကောင်စီကိုထွက်ပေါက် ပေးနေတာဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးမှာ ဖိအားပေး ပါဝင်ပတ်သက်နေတာကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ကြ ပါတယ်။
စစ်တပ်အာဏာသိမ်း လေးနှစ်ပြည့်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ စစ်ကောင်စီ သံရုံးရှေ့နဲ့ တရုတ်သံအမတ်နေအိမ်အရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတာပါ။
အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလဲ စစ်တပ်အာဏာသိမ်း လေး နှစ်ပြည့်အနေနဲ့ စစ်တပ်အမြစ်ပြတ်ရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသား များ ပြန်လွှတ်ပေးရေး စတာတွေကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy