ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာနေ့ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားသူဦးရေဟာ ၈ သောင်းဝန်းကျင်အထိရှိလာပြီး သေဆုံးသူ ၅ သောင်းခွဲ ဝန်းကျင်ရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။
WHO ရဲ့ ထုတ်ပြန်ချက်ဟာ ၂၀၂၂ ခုနှစ်မှာ နောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အချက်အလက် ထုတ်ပြန်နိုင်ခြင်းမရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါတွေကတော့ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အသည်းနဲ့ အူမကြီးကင်ဆာတို့ဖြစ်တယ်လို့ WHO အချက်အလက်တွေက ဆိုထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နာတာရှည်ရောဂါနဲ့ ကင်ဆာရောဂါဝေဒနာတွေအတွက် ဆေးဝါးတွေဟာ ဈေးကွက်မှာ ရှားပါးပြတ်လပ်မှုတွေ ဖြစ်နေပြီး ဈေးနှုန်းဟာလည်း ၂၀၂၁ ခုနှစ်ကထက် ၂ ဆ ပို မြင့်တက်လာတယ်လို့ သိရပါတယ်။
ကင်ဆာဝေဒနာရှင်တွေဟာ ပြည်တွင်းမှာ ဆေးဝါးဝယ်ယူဖို့ခက်ခဲတာ၊ အစိုးရဆေးရုံတွေမှာ လူနာနဲ့ ဆေးဝန်ထမ်းအင်အားမလုံလောက်မှုတွေကြောင့် ကုသမှုခံယူဖို့ အခက်အခဲတွေများစွာကြုံတွေ့ နေရပါတယ်။
လက်ရှိ အသည်းကင်ဆာရောဂါကိုခံစားနေရပြီး ပြည်တွင်းမှာဆေးကုသနေရတဲ့ လူနာတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy