အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။
စစ်အာဏာသိမ်းတာကို ပါဝင်ဦးဆောင် အကောင်အထည်ဖော်ရင်း ရာထူးတက်၊ လုပ်ပိုင်ခွင့်တိုးလိမ့်မယ်လို့ ဗိုလ်ချုပ်တွေက တွက်ခဲ့ကြပုံရပါတယ်။
အာဏာသိမ်း လေးနှစ်ကြာလာချိန်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တွေထဲက တချို့သာ စစ်တပ်မှာ ရာထူးတက်၊ နေရာမြဲခဲ့ကြပေမယ့် အများစုက ရာထူးက အနားပေးခံရတာ၊ စစ်တပ်က ထုတ်ပယ်ခံရတာ၊ ထောင်ချခံရတာ၊ တိုက်ပွဲမှာ သေသွားတဲ့အထိပါ ရှိလာခဲ့ပါပြီ။
ဒါကို ကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို “ဖြုတ်၊ ထုတ်၊ သတ်” လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့ တွက်ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေ အတွက်မှားခဲ့ကြပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy