မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းလုံခြုံရေးကို အထူး ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီး တနှစ် သက်တမ်းတိုးလိုက်ပါတယ်။
ဒီအမိန့်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သမ္မတဂျိုးဘိုင်ဒန်က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
သမ္မတ ထရမ့် အခုလို တနှစ်ထပ်တိုး သတ်မှတ်လိုက်တယ်ဆိုတာ မြန်မာ့အရေးကို မမေ့သေးကြောင်း ပြလိုက်တာပါပဲလို့ Los Angeles Myanmar Movement ရဲ့ စည်းရုံးရေးမှူး ဦးဂျိမ်းရွှေက ဧရာဝတီကို ပြောပါတယ်။
သမ္မတထရမ့်က ဒီအမိန့်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးပေးကာ ဆက်လက်အသိအမှတ်ပြုတဲ့အတွက်၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုတွေကို အမေရိကန်အနေနဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနိုင်တယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့်ရဲ့အမိန့်က ဘယ်လိုသဘောဆောင်လဲ၊ USAID ရပ်ဆိုင်းမှုမှာ မြန်မာ့နိုင်ငံအပေါ်သက်ရောက်မှု၊ Burma Act အခြေအနေ Los Angeles Myanmar Movement ရဲ့ စည်းရုံးရေးမှူး ဦးဂျိမ်းရွှေ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်နယ်ထရမ့် #အမေရိကန် #USAID #BurmaAct #ဦးဂျိမ်းရွှေ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR