ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားဝင် အစိုးရချင်း ချိတ်ဆက်မှုနဲ့ သွားရမယ့် MOU အလုပ်သမားတွေစေလွှတ်မှုကို ယာယီဆိုင်းငံ့မယ့်အကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို အကြောင်းကြားထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဧရာဝတီကို ပြောပါတယ်။
စစ်ကောင်စီဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ အရာရှိတဦးက နှုတ်မိန့်နဲ့ အကြောင်းကြားလာတာလို့ သိရပါတယ်။ အဲဒီအထဲမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နောက်ပိုင်းကစပြီး ယာယီဆိုင်းငံ့တယ်လို့ပဲ အကြောင်းကြားခဲ့ပေမယ့် ဘယ်အချိန်အထိ ဆိုင်းငံ့မယ်ဆိုတာကို မပြောခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ၃၀ ရက်နေ့ကလည်း စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကိုပြည်ပအလုပ်လုပ်ကိုင်ထွက်ခွာခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားခဲ့ပြီး ဒီတကြိမ်မှာတော့ အမျိုးသားရော၊ အမျိုးသမီးပါ အသက်အရွယ်မရွေးကို ထိုင်းနိုင်ငံ စေလွှတ်ခွင့် ယာယီဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy