စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေက အချုပ်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တယ်ဆိုတဲ့ တိုင်ကြားချက်ကို ကိုင်တွယ်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကအသိပေး ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်လွှင့်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ NUG အစိုးရရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြေပြင်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတိုင်ကြားချက်တွေအရ ကျူးလွန်သူတွေဟာ အချုပ်စခန်း (၂) မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စခန်းမှူးဟောင်း လင်းယုန် ခေါ် ဦးရဲရင့်၊ ပအဖ ခေါင်းဆောင်ဦးမြင့်ဇော်ဦး ခေါ် ဦးမဲခေါင်၊ ပလဖ အဖွဲ့ဝင် ဦးအာကာ နဲ့ စခန်းမှူး ဦးအောင်ဇေယျ တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုအပိုင်းမှာ ကျန့်ကြာနေတဲ့အပြင်၊ ပွင့်လင်းမြင်သာစွာ တာဝန်ယူဖြေရှင်းထုတ်ပြန်ပြောဆိုတာမရှိတဲ့အတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာ တိုင်းရင်းအမျိုးသမီး အဖွဲ့ပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ အမျိုးသမီးများ အဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) အပါအဝင် အမျိုးသမီး အဖွဲ့ ၈ ဖွဲ့က NUG ကို တိုက်တွန်း တောင်းဆိုခဲ့ကြပါသေးတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy