ကရင်နယ်ခြားစောင့်တပ် (BGF) များ ဖမ်းဆီးထားသည့် နိုင်ငံခြားသားများအား ထိုင်းအစိုးရသို့ စစ်ကောင်စီမှတဆင့် အစိုးရချင်း လွှဲပြောင်းသည့်ပုံစံ ဖော်လာသည်ကို တွေ့ရ၏။ မူလက စောချစ်သူ၏ BGF မှ ထိုင်းစစ်တပ်သို့ တိုက်ရိုက်အပ်မည့် အစီအစဉ်မှ စစ်ကောင်စီမှ ထိုင်းအစိုးရသို့ လွှဲမည့်ပုံစံ ပြန်ဖြစ်လာခြင်းပင်သည် တရုတ်၏ဖိအားကြောင့် ဖြစ်ပုံရ၏။
လားရှိုးကျပြီးနောက် မြန်မာစစ်တပ်ကို အသက်ဆက်ပေး၊ အကာအကွယ်ပေးနေခဲ့သည့် တရုတ်အစိုးရအနေဖြင့် မြဝတီ ကျားဖြန့်ကိစ္စအား တက်ကြွစွာ လှုံ့ဆော်နေစဉ် ကျားဖြန့်နှင့်ပတ်သက်၍ အသံတချက်မှမထွက်၊ မည်သည့် လုပ်ဆောင်မှလည်း မတွေ့ရသည့်အပြင် တက်ကြွစွာ တုံ့ပြန်မှု မရှိသည့် စစ်ကောင်စီကို မည်သို့ သဘောထားမည်နည်း။
မြဝတီ ကျားဖြန့်ဂိုဏ်းအား ချုပ်ကိုင်ထားသည့် စောချစ်သူ၏ BGF နောက်ကွယ်ရှိ ရှယ်ယာရှင် တပိုင်းဖြစ်သည့်အပြင် စောချစ်သူကိုလည်း ချုပ်ကိုင်နိုင်ခြင်း မရှိသည့် စစ်ကောင်စီအား မည်သို့ သဘောထားမည်နည်း။
စောချစ်သူ၏ BGF အား နှိမ်နင်းအရေးယူလိုက်ပါက မြဝတီဒေသ ထိန်းချုပ်မှုကို စွန့်လွှတ်ရမည့် စစ်တပ်အခြေအနေကို မည်သို့ သဘောထားမည်နည်း။ စစ်ကောင်စီ ကျောထောက်နောက်ခံ ပြုထားသည့် စောချစ်သူ၏ BGF ကို အရေးမယူဘဲ မြဝတီ တရုတ်ကျားဖြန့်ပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။
အဆိုပါ မေးခွန်းများက စောင့်ကြိုနေပြီ ဖြစ်၏။ တရုတ်တို့၏ ရှေ့ခြေလှမ်းများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည်။
#မြန်မာ #ဧရာဝတီ #ကျားဖြန့် #မြဝတီ #ထိုင်း #BGF
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR