စစ်ကောင်စီက တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပြုမယ့် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ဖေဖော်ရီ ၁၈ ရက်က ပြဋ္ဌာန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပူးတွဲလက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ဖို့ တရုတ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လ၊ မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အပြီးမှာ တောင်းဆိုခဲ့တာဖြစ်ပြီး ၅ လအကြာမှာ စစ်ကောင်စီဘက်က အခုလို အတည်ပြု ပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း နိုင်ငံတဝန်း စစ်ရေး ပဋိပက္ခတွေ အပြင်းထန်ဆုံးဖြစ်နေချိန်မှာ စစ်ကောင်စီအနေနဲ့ ဒီလို တရားဝင် လက်နက်ကိုင်ဆောင်နိုင်တဲ့ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်တာဟာ အန္တရာယ်များတဲ့ စွန့်စားမှုလို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြကြပါတယ်။
#မြန်မာ #ဧရာဝတီ #JointVentureSecurityCompany #ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ #တရုတ် #စစ်ကောင်စီ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR