ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေက ထိန်းသိမ်းထားခံထားရသူတွေဟာ လုံခြုံရေးယူပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေကို မကြာခဏ ရန်ပြုတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောပါတယ်။
ကျားဖြန့်နှိမ်နင်းရေးမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ရှိနေပြီး ထိန်းသိမ်းစောင့်ရှောက်ရတာ အခက်အခဲတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ အမြန်ဆုံးလာရောက်ခေါ်ယူကြဖို့ BGF က မတ်လ ၁ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ကရင်ပြည်နယ် မြဝတီမြို့နဲ့ ဘုရားသုံးဆူဘက်ကို ထိုင်းအစိုးရက လျှပ်စစ်မီး ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ နယ်စပ်ဒေသက ပြည်သူတွေရဲ့ နေ့စဉ်နေထိုင်မှုတွေကို ထိခိုက်စေတာကြောင့် ထိုင်းအနေနဲ့ ဖြတ်တောက်မှုတွေ ပယ်ဖျက်ပေးဖို့ အလေးအနက် တိုက်တွန်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy