ပြည်တွင်းမှာ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အထောက်အပံ့ပေးနေတဲ့ ရုရှားနိုင်ငံတို့ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအပေါ် နိုင်ငံတကာအနေနဲ့ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် ချမှတ်ဖို့ လိုအပ်တယ်လို့ Justice for Myanmar နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မတ်လ ၄ ရက်နေ့က တွေ့ဆုံချိန်မှာ ခုလိုတိုက်တွန်းလိုက်ကြတာဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အဓိကလက်နက် တင်သွင်းသူအဖြစ်နဲ့ မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်စာမီးထိုးပေးနေတာ ဖြစ်တယ်လို့ Justice for Myanmar က ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #JusticeforMyanmar #စစ်ကောင်စီ #ရုရှား #ဒဏ်ခတ်ပိတ်ဆို့မှု
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR