ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီက ကျောက်ခက်ကျေးရွာထဲက ကျားဖြန့်လုပ်ကိုင်သူ ၄၄၃ ဦးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က ရှာဖွေထိန်းသိမ်းပေးထားပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီထဲမှာ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံက နိုင်ငံသားတွေပါဝင်ပြီး သူတို့ကို ပြန်ပို့ဖို့ လက်မခံတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။
လက်ရှိမှာတော့ လတ်တလောထိန်းသိမ်းပေးထားတဲ့သူတွေကို ပြန်ပို့ပြီးမှ ကျန်ရှိနေတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၀၀၀ ကျော်ကို ဆက်လက် ခေါ်ထုတ်သွားမှာဖြစ်တယ််လို့ သိရပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ထိန်းချုပ်ထားတဲ့ ကျောက်ခက် နယ်မြေမှာ ကျားဖြန့်ကင်းစင်သွားပြီလို့ မဆိုနိုင်ပေမယ့် ညှင်းပန်းနှိပ်စက်မှုတွေမရှိတော့ဘူးလို့ DKBA ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဧရာဝတီကို ပြောပါတယ်။
လက်ရှိ ကျားဖြန့်လုပ်ငန်းမှာ လူကုန်ကူးခံရသူတွေကို ပြန်လည်ပို့ဆောင်ရေး၊ တရုတ်လုပ်ငန်းတွေကိုစီစစ်ရေးနဲ့ မြဝတီနယ်မြေထဲက ကျားဖြန့်လုပ်ငန်းတွေအကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy