အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း ၂ နိုင်ငံ သဘောတူညီချက် ၁၀ ချက်ထဲမှာ နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံငယ်တခု တည်ဆောက်ဖို့ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းမှုတွေအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကြောင့် နျူကလီးယားနည်းပညာကို အလွဲသုံးစားလုပ်နိုင်ခြေ ရှိတယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယား စက်ရုံငယ် တည်ဆောက်ရေးအတွက် ရုရှားနဲ့ မြန်မာ ၂ နိုင်ငံသဘောတူညီချက် အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ကလည်း အခုလိုပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရုရှား #နျူကလီးယား #မြောက်ကိုရီးယား #အာရှ #ဒေါက်တာဆာဆာ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR