မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် စစ်အာဏာရှင်၏ ဖိနှိပ်အကြမ်းဖက်မှုများ ကမ္ဘာက ပိုမို သိရှိစေရန် ရည်ရွယ်သည့် ကမ်ပိန်းတခုဖြစ်သည့် ၂၁ ကြိမ်မြောက် Run for Relief အပြေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၅ ခုနှစ် မတ်လ ၈ ရက် ပြုလုပ်ခဲ့ပြီး နိုင်ငံစုံမှ လူပေါင်း ၈ ရာကျော်က ပြေးပွဲတွင် ပါဝင်ခဲ့သည်။
Run for Relief ကို လူသားချင်းစာနာမှုအကူအညီများပေးနေသည့် Free Burma Rangers အဖွဲ့က နှစ်စဥ် ကျင်းပခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်အတွင်း အနည်းဆုံး လူသုံးသန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
မြန်မာပြည်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးပုန်းရှောင်ရသည့် ကလေးများ၊ မီးနေသည်မိခင်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပဋိပက္ခပြင်းထန်သည့် ဒေသမှ ပြည်သူများအနေဖြင့် ဗုံးများ မော်တာအမြောက်များ ပစ်ခတ်ခံရချိန်တွင် ရွေးချယ်စရာမရှိဘဲ ပြေးကြရသည်။ ထိုသူများကို စာနာ အောက်မေ့ကြောင်း၊ ၎င်းတို့နှင့် အတူတူရှိနေကြောင်း ပြသရန်အတွက် ပါဝင်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
#မြန်မာ #ဧရာဝတီ #ချင်းမိုင် #Runforrelief #Myanmar #Burma #FormillionsinBurmarunningisnotachoice
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR